Tech

Messenger အတွက် Unsend Feature ကို Facebook စမ်းသပ်နေ

Unsend-Feature
Written by Sang Uk Cung

                သုံးစွဲသူတိုင်းအတွက် “Unsend” feature ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း Facebook က ဧပြီလမှာ ပြောကြားခဲ့တဲ့နောက် အခုအခါ နာမည်ကျော် လူမှုကွန်ရက်ကြီးက အဆိုပါ Unsend feature ကို စမ်းသပ်နေတယ်လို့ TechCrunch က ဖော်ပြခဲ့ပါတယ်။

Unsend-Feature

                နည်းပညာ Tipster ဖြစ်သူ Jane Manchun Wong ဟာ Android ပေါ်က Unsend feature ရဲ့ Screenshot တွေကို Twitter ကနေ ဝေမျှခဲ့ပါတယ်။ စကားပြောဆိုမှုတစ်ခုထဲမှာ ပေးပို့ထားတဲ့ Message တွေကို ပြင်ဆင်လိုတဲ့အခါ “Delete Message” ရဲ့အပေါ်မှာ “Unsend Message” ပေါ်လာမှာ ဖြစ်ပါတယ်။ Unsend message ကို ရွေးလိုက်တဲ့အခါမှာတော့ “Your message will be removed from the chat, and you.” ဆိုတဲ့ စာတန်းပေါ်လာပြီး အတည်ပြုဖို့ ရွေးချယ်ခိုင်းမှာ ဖြစ်ပါတယ်။

                Message တွေကို Unsend လုပ်ဖို့အတွက် အချိန်အကန့်အသတ်တစ်ခု ရှိလိမ့်မယ်လို့လည်း Wong က ပြောပါတယ်။ ဒါဟာ email ပေးပို့ပြီး စက္ကန့် ၃ဝ အတွင်း Unsend လုပ်နိုင်တဲ့ Gmail ရဲ့ “Undo Send” feature နဲ့ အလွန်တူညီပါတယ်။ Messenger ရဲ့ Unsend အချိန်အကန့်အသတ်ကိုတော့ Wong က မဖော်ပြခဲ့ပါဘူး။

From - TheVerge

Originally published at - www.internetjournal.media

About the author

Sang Uk Cung

I am very interested to support the empowerment for the persons with disabilities in Myanmar.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.